ဖန်ဂျီကင်း, Fungi Kinn
Trade Name – ဖန်ဂျီကင်း, Fungi Kinn
Active Indregients – Thiophanate Methyl 70% WP
Registration No – P2022-5901
Packing Size – 1000g
Description – ရေဖျော်မှိုရောဂါ သတ်ဆေးမှုန့်
ဖရဲ၊သခွားမွှေး နှင့် သခွား သီးနှံများတွင်ကျရောက်သော ရွက်ပြောက်ရောဂါ၊ဖားဉမှိုရောဂါများ ပဲပုပ်သီးနှံတွင်ကျရောက်သော ရွက်ပြောက်ရောဂါ၊ သံချေးမှိုရောဂါ၊ ဖားဉမှိုရောဂါများကိုထိရောက်စွာ ကာကွယ်ကုသနိုင်သော ဆေးတစ်မျိုးဖြစ်ပါသည်။ ပူနွေးစိုစွတ်သော ရာသီတွင် ခရမ်းချဉ်၊ အားလူးသီးနှံတွင်ကျရောက်သော စောပင်နာကျရောဂါ၊ အမြစ်ပုပ်ရောဂါများကိုလည်း ကာကွယ် ကုသနိုင်ပါသည်။ စပျစ်သီးနှံတွင်မှိုကြောင့်ဖြစ်ပေါ်တက်သည့် ဖားဉမှိုရောဂါ၊ ရွက်ပြောက်ရောဂါ၊ သံချေးရောဂါများကို ဖန်းဂျီကင်း ရေဖျော်မှိုရောဂါ သတ်ဆေးမှုန့် အသုံးပြုခြင်းဖြင့် ကုသနိုင်ပါသည်။ ထို့ပြင် စပါးသီးနှံ တွင်ကျရောက်သော စပါးဂုတ်ကျိုးရောဂါ၊စပါးရွက်ဖုံးခြောက်ရောဂါ၊ မြေပဲ သီးနှံတွင်ကျရောက်သော ရွက်ပြောက်ရောဂါ၊ သံချေးမှိုရောဂါ နှင့် ဂေါ်ဖီသီးနှံတွင် ကျရောက်သော ရွက်ပြောက်ရောဂါများကိုထိရောက်စွာ ကာကွယ်ကုသနိုင်ပါသည်။
အသုံးပြုရန်အညွှန်း
– သီးနှံ တစ်ရာသီတွင် ( ၂-၃ ) ကြိမ် ပက်ဖျန်းပါ။
– ရောဂါကျရောက်မှုပေါ် မူတည်၍ ( ၇ – ၁၄ )ရက်ခြား တစ်ကြိမ်ဖျန်းပါ။
– စိုက်ခင်းအတွင်း ဆေးဖျန်းပြီး ၄၈ နာရီ ကြာမှ စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်ပါ။
– တစ်ဧက လျှင် ရေ (၂၀) လီတာဝင် ဆေးဖျန်းပုံး (၁၀) ပုံးနှုန်း ပက်ဖျန်းနိုင်ပါသည်။
– ရေ (၂၀) လီတာတွင် ဆေး ( ၆၀ – ၈၀ ) ဂရမ် နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။
– တစ်ဧက လျှင် ဆေး ( ၆၀၀ – ၈၀၀ ) ဂရမ် နှုန်း အသုံးပြုနိုင်ပါသည်။
Phone
09 750 047 788
Location
No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.
Office Hours
M-F: 8am - 5pm
S-S: 9am - 4pm
