မဟာမှိုကင်း, Mahar Hmoe Kinn
Trade Name – မဟာမှိုကင်း, Mahar Hmoe Kinn
Active Indregients – Copper Oxichloride 85% WP
Registration No – P2022-5876
Packing Size – 500g
Description – ရေဖျော် မှိုနှင့် ဘက်တီးရီးယား ရောဂါသတ်ဆေး
မှို နှင့် ဘက်တီးရီးယား ရောဂါများကို ထိသေအာနိသင်ဖြင့် ကာကွယ်နှိမ်နင်းနိုင်သောဆေးဖြစ်ပါသည်။ အာလူး၊ ခရမ်းချဉ်တွင် ကျရောက်သော စောပင်နာကျ၊ နှောင်းပင်နာကျရောဂါနှင့် စပျစ်တွင် ကျရောက်တက်သည့် မှဲ့ပြောက်စွန်းရောဂါနှင့် ဒေါင်းနီးမှိုရောဂါများကို ကာကွယ်ကုသရာတွင် အသုံးပြုနိုင်သည်။ သရက်တွင်ကျရောက်သော မှဲ့ပြောက်စွန်းရောဂါ နှင့် ဘက်တီးရီးယားရွက်ခြောက်ရောဂါ များကို ကုသရာ၌လည်း အသုံးပြုနိုင်သည်။ နှင်းဆီ နှင့် ဂန္ဓာမာတို့တွင် ကျရောက်သော ရွက်နက်ပြောက်ရောဂါ၊ ကြက်သွန်နီ တွင်ကျရောက်သော ဒေါင်းနီရွက်ခြောက်ရောဂါ၊ စပါးတွင်ကျရောက်သော မှိုသီးရောဂါ၊ ရွက်ဖုံးခြောက်ရောဂါများကို ကာကွယ်ကုသနိုင်သော ဆေးဖြစ်ပါသည်။ မတ်ပဲ၊ ပဲတီစိမ်းတွင် ကျရောက်တက်သည့် သံချေးရောဂါ နှင့် ဘက်တီးရီးယားရောဂါများ အတွက်လည်း ကာကွယ်ကုသ နိုင်သော အကောင်းဆုံးဆေးတစ်မျိုးဖြစ်ပါသည်။
အသုံးပြုရန်အညွှန်း
– သီးနှံ တစ်ရာသီတွင် ( ၂-၃ ) ကြိမ် ပက်ဖျန်းပါ။
– ရောဂါကျရောက်မှုပေါ် မူတည်၍ ( ၇ – ၁၄ )ရက်ခြား တစ်ကြိမ်ဖျန်းပါ။
– စိုက်ခင်းအတွင်း ဆေးဖျန်းပြီး ၄၈ နာရီ ကြာမှ စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်ပါ။
– တစ်ဧက လျှင် ရေ (၂၀) လီတာဝင် ဆေးဖျန်းပုံး (၇-၁၀) ပုံးနှုန်း ပက်ဖျန်းနိုင်ပါသည်။
– ရေ (၂၀) လီတာတွင် ဆေး ( ၅၀ – ၈၀ ) ဂရမ် နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။
– တစ်ဧက လျှင် ဆေး ( ၃၅၀ – ၈၀၀ ) ဂရမ် နှုန်း အသုံးပြုနိုင်ပါသည်။
Phone
09 750 047 788
Location
No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.
Office Hours
M-F: 8am - 5pm
S-S: 9am - 4pm
