အရည်အသွေးမှာ နံပါတ် One! သုခမဟာ တကယ်စွမ်း!

မဟာသာလိုနေး, Mahar Thalonil

Trade Nameမဟာသာလိုနေး, Mahar Thalonil
Active Indregients – Chlorothalonil 75%
Registration No – P2022-5875
Packing Size – 500g, 1Kg
Description – ရေဖျော် မှိုရောဂါသတ်ဆေးမှုန့်

မဟာသာလိုနေး ရေဖျော် မှိုရောဂါသတ်ဆေးမှုန့် သည် မှိုရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်သော အစွမ်းထက်မှိုရောဂါ ကာကွယ်ဆေး ဖြစ်ပါသည်။
ဖရဲ၊သခွားတို့တွင် ကျရောက်တက်သည့် ဒေါင်းနီးရွက်ခြောက်ရောဂါ၊ ခရမ်းချဉ်၊ အာလူးတို့တွင် ကျရောက်တက်သော စောပင်နာကျရောဂါ၊ နှောင်းပင်နာကျရောဂါ၊ ငရုတ်တွင်ကျရောက်သော အသီးပုပ်ရောဂါ နှင့် ဂေါ်ဖီထုပ်ပန်းမုန်လာတွင် ကျရောက်သော ရွက်ပြောက်ရောဂါများကို ကာကွယ်ရာတွင် အသုံးပြုနိုင်သည်။ မတ်ပဲ၊ ပဲတီစိမ်းတွင် ကျရောက်သော သံချေးရောဂါ၊ စပျစ်တွင် ကျရောက်တက်သော ဒေါင်းနီးရွက်ခြောက်ရောဂါ နှင့် သံပရာတွင်ကျရောက်တက်သည့် သံချေးဖတ်ရောဂါ များအတွက်လည်း ကာကွယ်ဆေးအဖြစ်အသုံးပြုနိုင်ပါသည်။

အသုံးပြုရန်အညွှန်း

– သီးနှံ တစ်ရာသီတွင် ( ၂-၃ ) ကြိမ် ပက်ဖျန်းပါ။
– ရောဂါကျရောက်မှုပေါ် မူတည်၍ ( ၇ – ၁၄ )ရက်ခြား တစ်ကြိမ်ဖျန်းပါ။
– စိုက်ခင်းအတွင်း ‌ဆေးဖျန်းပြီး ၄၈ နာရီ ကြာမှ စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်ပါ။
– တစ်ဧက လျှင် ရေ (၂၀) လီတာဝင် ဆေးဖျန်းပုံး (၈-၁၀) ပုံးနှုန်း ပက်ဖျန်းနိုင်ပါသည်။
– ရေ (၂၀) လီတာတွင် ဆေး ( ၅၀ – ၉၀ ) ဂရမ် နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။
– တစ်ဧက လျှင် ဆေး ( ၄၀၀ – ၉၀၀ ) ဂရမ် နှုန်း အသုံးပြုနိုင်ပါသည်။

Phone

09 750 047 788

Location

No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.

Office Hours

M-F: 8am - 5pm
S-S: 9am - 4pm