သုခဆိုင်မောက်, Thukha Cymout
Trade Name – သုခဆိုင်မောက်, Thukha Cymout
Active Indregients – Cymoxanil 25%
Registration No – P2022-5877
Packing Size – 1Kg
Description – ရေဖျော် မှိုရောဂါသတ်ဆေးမှုန့်
သုခ ဆိုင်မောက်သည် မှိုရောဂါများကို ကာကွယ်ကုသဆေး အဖြစ် အသုံးပြုနိုင်သော ရွက်ဖျန်း မှိုသတ်ဆေးဖြစ်ပါသည်။ ထိသေ အာနိသင်ရှိသည့် အပြင် ဆေးထိသော နေရာတစ်ဝိုက်တွင် ပြန့်နှံ့၍ ကာကွယ်ကုသနိုင်သော အာနိသင်ရှိပါသည်။ အာလူး၊ ခရမ်းချဉ်တွင် ကျရောက်တက်သည့် နှောင်းပင်နာကျရောဂါ၊ စပျစ်တွင်ကျရောက်သည့် ဒေါင်းနီးရွက်ခြောက်ရောဂါ နှင့် ဖားဉမှိုရောဂါများကို ကာကွယ်ကုသနိုင်ပါသည်။ ထိုမျှမက သခွားနှင့် ကြက်သွန်နီ သီးနှံများတွင် ကျရောက်သော ဒေါင်းနီးရွက်ခြောက်ရောဂါများကို လည်း ကာကွယ်ကုသနိုင်ပါသည်။
အသုံးပြုရန်အညွှန်း
– သီးနှံ တစ်ရာသီတွင် ( ၂-၃ ) ကြိမ် ပက်ဖျန်းပါ။
– ရောဂါကျရောက်မှုပေါ် မူတည်၍ ( ၇ – ၁၄ )ရက်ခြား တစ်ကြိမ်ဖျန်းပါ။
– စိုက်ခင်းအတွင်း ဆေးဖျန်းပြီး ၄၈ နာရီ ကြာမှ စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်ပါ။
– တစ်ဧက လျှင် ရေ (၂၀) လီတာဝင် ဆေးဖျန်းပုံး (၈-၁၀) ပုံးနှုန်း ပက်ဖျန်းနိုင်ပါသည်။
– ရေ (၂၀) လီတာတွင် ဆေး ( ၄၀ – ၅၀ ) ဂရမ် နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။
– တစ်ဧက လျှင် ဆေး ( ၄၀၀ – ၅၀၀ ) ဂရမ် နှုန်း အသုံးပြုနိုင်ပါသည်။
Phone
09 750 047 788
Location
No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.
Office Hours
M-F: 8am - 5pm
S-S: 9am - 4pm
