ပိုးကေလာ, Poe Killer
Trade Name – ပိုးကေလာ, Poe Killer
Active Indregients – Emamectin Benzoate (အီမာမက်တင်ဘန်ဇိုအိတ်) 2% SC + Indoxacarb 16%
Registration No – P2022-6098
Packing Size – 250cc, 500cc
Description – ထိသေ၊ စားသေ အာနိသင်ရှိပိုးသတ်ဆေးရည်
ပိုးကေလာရေဖျော်ပိုးသတ်ဆေးရည် သည် Avermectin + Oxadiazine အုပ်စုဝင် ထိသေ၊စားသေ အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်ပါသည်။ စပါးသီးနှံတွင် ကျရောက်သော ငမြှောင်တောင်၊ ရွက်လိပ်ပိုး၊ ခရမ်းချဉ် တွင်ကျရောက်သော သီးလုံးဖောက်ပိုး၊ ရွက်ထွင်းပိုး၊ ဂေါ်ဖီထုပ် တို့တွင် ကျရောက်သော စိန်ကွက်ဖလံ၊ ပြောင်းသီးနှံတွင် ကျရောက်သော ငမြှောင်တောင်ပိုးများကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ဝါသီးနှံတွင်ကျရောက်သည့် သီးလုံးဖောက်ပိုး၊ ပဲမျိုးစုံသီးနှံတွင် ကျရောက်သော သီးလုံးဖောက်ပိုး၊ သီးတောင့်ထိုးပိုး၊ ငမြှောင်တောင်ပိုးနှင့် အာလူးသီးနှံများတွင် ကျရောက်သော ငမြှောင်တောင်ပိုးများကို ကာကွယ်နှိမ်နင်းရာတွင်လည်း အသုံးပြုနိုင်ပါသည်။
အသုံးပြုရန်အညွှန်း
– တစ်ရာသီတွင် ဆေး(၃) ကြိမ် ပက်ဖျန်းပါ။
– ဆေးဖျန်းရက်ခြား ( ၁၀ – ၁၅ )ရက်ခြား တစ်ကြိမ်ဖျန်းပါ။
– စိုက်ခင်းအတွင်း ဆေးဖျန်းပြီး (၂၄) နာရီ ကြာမှ စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်ပါ။
– ဆေးဖျန်းပြီးနောက် သီးနှံရိတ်သိမ်းရန် စောင့်ဆိုင်းရန်ကာလမှာ စပါး၊ ပဲမျိုးစုံ (၂၁)ရက်၊ ခရမ်းချဉ်၊ ငရုတ်၊ ကြက်သွန်နီ/ဖြူ၊ဂေါ်ဖီ၊ ပြောင်း (၁၄)ရက်၊ ဝါ (၇-၁၀)ရက်၊ ဂန္ဓာမာ (၇)ရက် ဖြစ်သည်။
– ရေ (၂၀) လီတာတွင် ဆေး ( ၅ ) စီစီ နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။
– တစ်ဧက လျှင် ဆေး (၅၀-၁၅၀ ) စီစီ နှုန်း အသုံးပြုနိုင်ပါသည်။ သို့သော် ခရမ်းချဉ်၊ငရုတ်၊ကြက်သွန်နီ/ဖြူ၊ဂေါ်ဖီ၊ ပြောင်း သီးနှံတို့တွင် ( ၅၀-၁၈၀) စီစီ နှုန်း အသုံးပြုနိုင်ပါသည်။
Phone
09 750 047 788
Location
No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.
Office Hours
M-F: 8am - 5pm
S-S: 9am - 4pm
