ဟိုက်ပါဂိုးလ်, Hyper Goal
Trade Name – ဟိုက်ပါဂိုးလ်, Hyper Goal
Active Indregients – Imazethapyr 10%
Registration No – P2022-5626
Packing Size – 500cc, 1Lit
Description – ရေဖျော် ရွေးချယ်ပေါင်းသတ်ဆေးရည်
ပဲတီစိမ်း၊ ပဲစင်းငုံ၊ မြေပဲ၊ ပဲပုပ်သီးနှံတို့တွင် ပေါက်ရောက်သော တစ်နှစ်ခံ နှင့် နှစ်ရှည်ခံပေါင်းပင်များဖြစ်သော မြက်များ၊ ရွက်ပြန့်ပေါင်းများအား နှိမ်နင်းနိုင်သော ပေါင်းသတ်ဆေးဖြစ်ပါသည်။ အပင်မစိုက်မီ၊ ပေါင်းမပေါက်မီ နှင့် ပေါင်းပေါက်ပြီးနောက် အသုံးပြုနိုင်သော ပင်လုံးပြန့် အာနိသင်ရှိ ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်ပါသည်။ ပေါင်းပင်၏ အရွက်နှင့်အမြစ်များမှ စုပ်ယူပြီး အပင်ကြီးထွားမှု အပိုင်းရှိတစ်ရှူးများဆီသို့ ပို့ဆောင်ပေးကာ ပေါင်းပင်ကြီးထွားမှုကို ဟန့်တားပေးပါသည်။
အသုံးပြုရန်အညွှန်း
– ဆေးဖျန်းပြီး ( ၁၂ ) နာရီ ကြာမှ စိုက်ခင်းအတွင်းပြန်လည်ဝင်ရောက်ပါ။
– တစ်ဧက လျှင် ဆေးနှုန်းထားပြည့်မီစေရန် ဆေးဖျန်းပုံး (၅) ပုံးအသုံးပြု ပက်ဖျန်းနိုင်ပါသည်။
– ဆေးဖျန်းပြီးနောက် သီးနှံစိုက်ပျိုးရန် စောင့်ဆိုင်းရန်ကာလမှာ ဂျုံ (၄)လ၊ ပြောင်း (၈.၅- ၁၈)လ၊ နှမ်း (၁၂)လ၊ ဝါ၊ နှံစားသီးနှံ၊ နေကြာ (၁၈)လ ၊ စပါး၊ ပဲလွမ်း (၄၀) လ၊ ကုလားပဲ (၄)လ ဖြစ်သည်။
– ရေ (၁၆) လီတာတွင် ဆေး ( ၈၀ ) ဂရမ် နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။
– တစ်ဧက လျှင် ဆေး (၄၀၀ ) ဂရမ် နှုန်း အသုံးပြုနိုင်ပါသည်။
– ဆေးဖျန်းပြီးနောက် ရိတ်သိမ်းခူးဆွတ်ရန် စောင့်ဆိုင်းရန်ကာလမှာ ပဲတီစိမ်း(၁၀၀)ရက်၊ ပဲစဉ်းငုံ (၆၀)ရက်၊ ပဲပုပ် (၇၅)ရက်၊ မြေပဲ (၆၀)ရက် ဖြစ်သည်။
Phone
09 750 047 788
Location
No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.
Office Hours
M-F: 8am - 5pm
S-S: 9am - 4pm
