ပရို-သိုင်မီ, Pro Thiame
Trade Name – ပရို-သိုင်မီ, Pro Thiame
Active Indregients – Thiamethoxam (သိုင်ရာမီသိုဇင်) 35% SC
Registration No – P2022-5627
Packing Size – 250cc, 500cc, 1Lit
Description – ပိုးသတ်ဆေးရည်
ပရို-သိုင်မီ ပိုးသတ်ဆေးရည် သည် Neonicotinoid အုပ်စုဝင် ပိုးသတ်ဆေးဖြစ်ပါသည်။ ထိသေစားသေ ပင်လုံးပြန့် အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးပြင်းရည် အမျိုးအစားဖြစ်သည်။ ဝါသီးနှံတွင်ကျရောက်သည့် ပျ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ဘရိုကိုလီ တို့တွင် ကျရောက်သော လှေး၊ပျ၊ယင်ဖြူ ပိုးများကို နှိမ်နင်းနိုင်သော ပိုးသတ်ဆေးဖြစ်ပါသည်။ ထို့ပြင် စပါးသီးနှံတွင် ကျရောက်သော ဆစ်ပိုး၊ဖြုတ်၊ ဖရဲ၊ သခွား၊ သခွားမွှေးတို့တွင် ကျရောက်သော ပျ၊ရွက်ထွင်းပိုး၊ယင်ဖြူ၊ ဗူးဖရုံကျိုင်း နှင့် ခရမ်း၊ခရမ်းချဉ် သီးနှံတို့တွင်ကျရောက်သော ပျ၊ယင်ဖြူ၊ ဖြုတ်ပိုးများကို နှိမ်နင်းရာတွင်လည်း အသုံးပြုနိုင်ပါသည်။
အသုံးပြုရန်အညွှန်း
– တစ်ရာသီတွင် ဆေး(၃) ကြိမ် ပက်ဖျန်းပါ။
– ဆေးဖျန်းရက်ခြား ( ၁၀ – ၁၅ )ရက်ခြား တစ်ကြိမ်ဖျန်းပါ။
– စိုက်ခင်းအတွင်း ဆေးဖျန်းပြီး (၂၄) နာရီ ကြာမှ စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်ပါ။
– ဆေးဖျန်းပြီးနောက် သီးနှံရိတ်သိမ်းရန် စောင့်ဆိုင်းရန်ကာလမှာ
ဝါ၊စပါး ( ၁၀-၁၄ )ရက်၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မတ်ပဲ၊ ပဲတီစိမ်း ( ၁၄ )ရက်၊ ပြောင်း (၂၁)ရက် ဖြစ်သည်။
– တစ်ဧက လျှင် သီးနှံအလိုက် အသုံးပြုရမည့် ဆေးနှုန်းထားမှာ ဝါ( ၄၀ – ၅၀ ) စီစီ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ဘရိုကိုလီ ( ၃၀-၃၅)စီစီ၊ စပါး၊ ဖရဲ၊ သခွား၊ သခွားမွှေး၊ ခရမ်း၊ ခရမ်းချဉ် ( ၃၅-၅၀ ) စီစီနှုန်း အသုံးပြုနိုင်ပါသည်။
Phone
09 750 047 788
Location
No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.
Office Hours
M-F: 8am - 5pm
S-S: 9am - 4pm
