အရည်အသွေးမှာ နံပါတ် One! သုခမဟာ တကယ်စွမ်း!

သုခ ပရိုလူဖန် (၅၀၅), Thukha Prolufen

Trade Nameသုခ ပရိုလူဖန် (၅၀၅), Thukha Prolufen
Active Indregients – Lufenuron 5% + Profenofos 50% EC
Registration No – P2022-5883
Packing Size – 250cc, 500cc, 1Lit
Description – ‌ရေဖျော်ပိုးသတ်ဆေးရည်

သုခ ပရိုလူဖန် (၅၀၅) ရေဖျော်ပိုးသတ်ဆေး သည် Benzoyturea + organophosphate အုပ်စုဝင် ပိုးသတ်ဆေးဖြစ်ပါသည်။ ဝါသီးနှံတွင်ကျရောက်သည့် သီးလုံးဖောက်ပိုး၊ စပါးသီးနှံတွင် ကျရောက်သော ရွက်လိပ်ပိုး၊ ဆစ်ပိုး၊ ပိုးလောင်မီး၊ ခူမွှေးရှည်၊ စပါးနှံစုပ်ဂျပိုး များကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ခရမ်း၊ ခရမ်းချဉ်တို့တွင် ကျရောက်သော အညွန့်ထိုးပိုး ဂေါ်ဖီထုပ် တွင် ကျရောက်သော စိန်ကွက်ဖလံ ပိုးများ၊ မတ်ပဲ၊ ပဲတီစိမ်း တို့တွင် ကျရောက်သော သီးတောင့်ထိုးပိုး၊ ငမြှောင်တောင်ပိုး၊ ပွင့်ထိုးပိုးများကို ကာကွယ်နှိမ်နင်းရာတွင်လည်း အသုံးပြုနိုင်ပါသည်။

အသုံးပြုရန်အညွှန်း

– တစ်ရာသီတွင် ဆေး(၂-၃) ကြိမ် ပက်ဖျန်းပါ။
– ဆေးဖျန်းရက်ခြား (၇ – ၁၁)ရက်ခြား တစ်ကြိမ်ဖျန်းပါ။
– စိုက်ခင်းအတွင်း ဆေးဖျန်းပြီး (၂၄) နာရီ ကြာမှ စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်ပါ။
– ဆေးဖျန်းပြီးနောက် သီးနှံရိတ်သိမ်းရန် စောင့်ဆိုင်းရန်ကာလမှာ (၁၄) ရက် ဖြစ်သည်။
– တစ်ဧက လျှင် ဆေးဖျန်းပုံး (၅-၆) ပုံး ပက်ဖျန်းပါ။
– ရေ (၂၀) လီတာတွင် ဆေး (၄၀-၅၀) စီစီ နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။
– တစ်ဧက လျှင် ဆေး ( ၂၀၀ – ၂၅၀ ) စီစီ နှုန်း အသုံးပြုနိုင်ပါသည်။

Phone

09 750 047 788

Location

No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.

Office Hours

M-F: 8am - 5pm
S-S: 9am - 4pm