သုခအဘာ, Thukha Aba
Trade Name – သုခအဘာ, Thukha Aba
Active Indregients – Abamectin 5% EW
Registration No – P2022-6011
Packing Size – 250cc
Description – ပိုးသတ်ဆေးရည်
သုခအဘာ ပိုးသတ်ဆေးရည်သည် Avermectin-6 အုပ်စုဝင် ထိသေစားသေ အာနိသင်ရှိသော ပိုးသတ်ဆေးဖြစ်ပါသည်။ ဝါသီးနှံတွင်ကျရောက်သည့် မွှားပင့်ကူနီ၊ ရှောက်၊ သံပရာသီးနှံတွင် ကျရောက်သော ရွက်ထွင်းပိုး၊ မွှားပင့်ကူနီ၊လှေး ပိုးများကို နှိမ်နင်းနိုင်သော ပိုးသတ်ဆေးဖြစ်ပါသည်။ ထို့ပြင် ဖရဲ၊ သခွား၊ သခွားမွှေး သီးနှံများတွင် ကျရောက်သော ရွက်ထွင်းပိုး၊ မွှားပင့်ကူနီ၊ ပဲတီစိမ်း၊ မတ်ပဲတွင် ကျရောက်သော ရွက်ထွင်းပိုး၊ မွှားပင့်ကူနီ နှင့် ခရမ်းချဉ်၊ အာလူး တွင် ကျရောက်သောရွက်ထွင်းပိုး၊ မွှားပင့်ကူနီ ပိုးများကို နှိမ်နင်းရာတွင်လည်း အသုံးပြုနိုင်ပါသည်။
အသုံးပြုရန်အညွှန်း
– တစ်ရာသီတွင် ဆေး(၂-၃) ကြိမ် ပက်ဖျန်းပါ။
– ဆေးဖျန်းရက်ခြား ( ၁၀ – ၁၅ )ရက်ခြား တစ်ကြိမ်ဖျန်းပါ။
– စိုက်ခင်းအတွင်း ဆေးဖျန်းပြီး (၂၄) နာရီ ကြာမှ စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်ပါ။
– တစ်ဧက လျှင် ဆေးဖျန်းပုံး (၅) ပုံး ပက်ဖျန်းပါ။
– ဆေးဖျန်းပြီးနောက် သီးနှံရိတ်သိမ်းရန် စောင့်ဆိုင်းရန်ကာလမှာ
ဝါ ( ၂၁ )ရက်၊ ရှောက်၊သံပရာ (၁၀-၁၄)ရက်၊ ဖရဲ၊ သခွား၊သခွားမွှေး (၇)ရက်၊
မတ်ပဲ၊ပဲတီစိမ်း၊ ခရမ်းချဉ်၊ အာလူး ( ၁၄ )ရက် ဖြစ်သည်။
– ရေ (၂၀) လီတာတွင် ဆေး ( ၈ – ၁၆ ) စီစီ နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။
– တစ်ဧက လျှင် ဆေး ( ၄၀ – ၈၀ ) စီစီ နှုန်း အသုံးပြုနိုင်ပါသည်။
Phone
09 750 047 788
Location
No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.
Office Hours
M-F: 8am - 5pm
S-S: 9am - 4pm
