မဟာဘက်တီရှင်း, Mahar Bacti Shinn
Trade Name – မဟာဘက်တီရှင်း, Mahar Bacti Shinn
Active Indregients – Oxolinic Acid 20% WP
Registration No – P2022-6005
Packing Size – 500g
Description – ဘက်တီးရီးယား ရောဂါသတ်ဆေး
သုခမဟာ၏ မဟာဘက်တီးရှင်းဆေးသည် သီးနှံများတွင် ကျရောက်တက်သော ဘက်တီးရီးယားရောဂါ များကို ကာကွယ်၊ ကုသနိုင်သော ဆေးတစ်မျိုးဖြစ်ပါသည်။ ဖရဲ၊ သခွား သီးနှံများတွင် ကျရောက် တက်သည့် ဘက်တီးရီးယား သီးကွက်ရောဂါအား မဟာဘက်တီးရှင်းဖြင့် ကာကွယ်ကုသနိုင်ပါသည်။ ခရမ်းချဉ် နှင့် ငရုတ်သီးနှံများတွင် ဘက်တီးယားကြောင့်ဖြစ်ပေါ်သည့် ဘက်တီးရီးယား ရွက်ပြောက်ရောဂါများကိုလည်း ထိရောက်စွာ ကုသနိုင်သောဆေးဖြစ်ပါသည်။ ထို့ပြင် မတ်ပဲ၊ ပဲတီစိမ်း၊ စပါးတို့တွင် ကျရောက်တက်သည့် ဘက်တီးရီးယားရွက်ခြောက်ရောဂါနှင့် ကြက်သွန်နီ/ ဖြူ တို့တွင် ကျရောက်တက်သော ဘက်တီးရီးယားပျော့ပုပ်ရောဂါများကို ကာကွယ်ကုသရာတွင်လည်း အသုံးပြုနိုင်သော ဆေးကောင်းတစ်လက်ဖြစ်ပါသည်။
အသုံးပြုရန်အညွှန်း
– သီးနှံ တစ်ရာသီတွင် ( ၂-၃ ) ကြိမ် ပက်ဖျန်းပါ။
– ရောဂါကျရောက်မှုပေါ် မူတည်၍ ( ၇ – ၁၄ )ရက်ခြား တစ်ကြိမ်ဖျန်းပါ။
– စိုက်ခင်းအတွင်း ဆေးဖျန်းပြီး ၄၈ နာရီ ကြာမှ စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်ပါ။
– တစ်ဧက လျှင် ရေ (၂၀) လီတာဝင် ဆေးဖျန်းပုံး (၁၀) ပုံးနှုန်း ပက်ဖျန်းနိုင်ပါသည်။
– ရေ (၂၀) လီတာတွင် ဆေး ( ၆၀ – ၈၀ ) ဂရမ် နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။
– တစ်ဧက လျှင် ဆေး ( ၆၀၀ – ၈၀၀ ) ဂရမ် နှုန်း အသုံးပြုနိုင်ပါသည်။
Phone
09 750 047 788
Location
No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.
Office Hours
M-F: 8am - 5pm
S-S: 9am - 4pm
