မဟာမန်ကို, Mahar Manco
Trade Name – မဟာမန်ကို, Mahar Manco
Active Indregients – Mancozeb 80%
Registration No – P2022-5879
Packing Size – 1 Kg
Description – ရေဖျော် မှိုရောဂါသတ်ဆေးမှုန့်
သီးနှံအများစုတွင် ကျရောက်တက်သော မှိုရောဂါများအတွက် ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်သော မှိုသတ်ဆေးဖြစ်ပါသည်။အာလူး၊ ခရမ်းချဉ် သီးနှံများတွင် ကျရောက်တက်သည့် စောပင်နာကျရောဂါ၊ နှောင်းပင်နာကျရောဂါ နှင့် ခရမ်းချဉ် မီးခိုးရောင်အစက်အပြောက်ရောဂါများကို ကာကွယ်ရာတွင် အသုံးပြုနိုင်ပါသည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တွင်ကျရောက်တက်သော Botrytis ရွက်ခြောက်ရောဂါ၊ ဂေါ်ဖီထုပ်တွင် ကျရောက်သော ရွက်ခြောက်ရောဂါ၊ အော်တာနေးရီးယား ရွက်ပြောက်ရောဂါ၊ ဖရဲ၊သခွားမွှေး၊သခွားတွင် ကျရောက်တက်သည့် ဒေါင်းနီးရွက်ခြောက်ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ အရိုးကွဲ အစေးထွက်ရောဂါများကို ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ ထို့ပြင် စပျစ်တွင် ကျရောက်သည့် ဒေါင်းနီးရွက်ခြောက်ရောဂါကိုလည်း ကာကွယ်ရာတွင် ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။
အသုံးပြုရန်အညွှန်း
– သီးနှံ တစ်ရာသီတွင် ( ၂-၃ ) ကြိမ် ပက်ဖျန်းပါ။
– ရောဂါကျရောက်မှုပေါ် မူတည်၍ ( ၇ – ၁၄ )ရက်ခြား တစ်ကြိမ်ဖျန်းပါ။
– စိုက်ခင်းအတွင်း ဆေးဖျန်းပြီး ၄၈ နာရီ ကြာမှ စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်ပါ။
– တစ်ဧက လျှင် ရေ (၂၀) လီတာဝင် ဆေးဖျန်းပုံး (၈-၁၀) ပုံးနှုန်း ပက်ဖျန်းနိုင်ပါသည်။
– ရေ (၂၀) လီတာတွင် ဆေး ( ၁၀၀ – ၁၃၀ ) ဂရမ် နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။
– အာလူး တစ်ဧက လျှင် ( ၇၀၀- ၁၀၀၀ ) ဂရမ် နှုန်းဖြင့်သော်လည်းကောင်း
– ခရမ်းချဉ်၊ ကြက်သွန်နီ/ဖြူ ၊ဂေါ်ဖီထုပ်သီးနှံများတွင် တစ်ဧက လျှင် ( ၉၀၀-၁၃၀၀ ) ဂရမ် နှုန်းဖြင့် သော်လည်းကောင်း
– ဖရဲ၊သခွားမွှေး၊သခွားနှင့် စပျစ်သီးနှံများတွင် တစ်ဧက လျှင် ( ၈၀၀-၁၃၀၀ ) ဂရမ် နှုန်းဖြင့်အသုံးပြုနိုင်ပါသည်။
Phone
09 750 047 788
Location
No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.
Office Hours
M-F: 8am - 5pm
S-S: 9am - 4pm
