မဟာရော့ကတ်, Mahar Rocket
Trade Name – မဟာရော့ကတ်, Mahar Rocket
Active Indregients – Lambda-cyhalothrin (လန်ဘဒါဆိုက်ဟေလိုသရင်) 15% + Emamectin Benzoate (အီမာမက်တင်ဘန်ဇိုအိတ်) 10% WP
Registration No – P2022-5882
Packing Size – 250g, 500g
Description – ထိသေ၊ စားသေ၊ အာနိသင်ရှိရေဖျော်ပိုးသတ်ဆေးမှုန့်
မဟာ ရော့ကတ် ရေဖျော်ပိုးသတ်ဆေးမှုန့် သည် Pyrethroid + Avermectin အုပ်စုဝင် ပိုးသတ်ဆေးဖြစ်ပါသည်။ ဝါသီးနှံတွင်ကျရောက်သည့် သီးလုံးဖောက်ပိုး၊ စပါးသီးနှံတွင် ကျရောက်သော ရွက်လိပ်ပိုးနှင့် ဂေါ်ဖီထုပ်၊ ပန်းမုန်လာတို့တွင် ကျရောက်သော စိန်ကွက်ဖလံ ပိုးများကို နှိမ်နင်းနိုင်သော ပိုးသတ်ဆေးဖြစ်ပါသည်။ ထို့ပြင် ပြောင်းသီးနှံတွင် ကျရောက်သော ငမြှောင်တောင်၊ ပဲတီစိမ်း၊ မတ်ပဲတွင် ကျရောက်သော သီးတောင့်ထိုးပိုး၊ ငမြှောင်တောင်ပိုးများကို နှိမ်နင်းရာတွင်လည်း အသုံးပြုနိုင်ပါသည်။
အသုံးပြုရန်အညွှန်း
– တစ်ရာသီတွင် ဆေး(၃) ကြိမ် ပက်ဖျန်းပါ။
– ဆေးဖျန်းရက်ခြား ( ၁၀ – ၁၅ )ရက်ခြား တစ်ကြိမ်ဖျန်းပါ။
– စိုက်ခင်းအတွင်း ဆေးဖျန်းပြီး (၂၄) နာရီ ကြာမှ စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်ပါ။
– ဆေးဖျန်းပြီးနောက် သီးနှံရိတ်သိမ်းရန် စောင့်ဆိုင်းရန်ကာလမှာ ဝါ၊စပါး ( ၁၀-၁၄ )ရက်၊ဂေါ်ဖီထုပ်၊ပန်းမုန်လာ၊မတ်ပဲ၊ပဲတီစိမ်း ( ၁၄ )ရက်၊ ပြောင်း (၂၁)ရက် ဖြစ်သည်။
– ရေ (၂၀) လီတာတွင် ဆေး ( ၅ – ၁၀ ) ဂရမ် နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။
– တစ်ဧက လျှင် ဆေး ( ၂၅ – ၅၀ ) ဂရမ် နှုန်း အသုံးပြုနိုင်ပါသည်။
Phone
09 750 047 788
Location
No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.
Office Hours
M-F: 8am - 5pm
S-S: 9am - 4pm
