အရည်အသွေးမှာ နံပါတ် One! သုခမဟာ တကယ်စွမ်း!

ပေါင်းမဟာ, Paung Mahar

Trade Nameပေါင်းမဟာ, Paung Mahar
Active Indregients – Sodium 25% WP + Bensulfuron- methyl 10% WP
Registration No – P2022- 6008
Packing Size – 30 g, 200 g
Description – ရွေးချယ်ပေါင်းသတ်ဆေးမှုန့်

စပါးသီးနှံတွင် ပေါက်ရောက်သောမြက်ပေါင်း( မြက်သီး၊ ဝမ်းဘဲစာမြက်၊ တက်ကွက်(ငသယောင်/စပါးယောင်) မြက်ကွမ်းသီးလေး၊ မြက်မုန်ညှင်းအဝါ၊ မြက်မုန်ညှင်းအစိမ်း၊ရွက်ပြန့်ပေါင်း(မှိုနတို၊ ကတောက်ဆက်၊ ပေါင်းလေးညှင်း)) စသည်တို့ကိုပေါင်းပေါင်ပြီးနောက် နှိမ်နင်းနိုင်သည့် ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်ပါသည်။ အရွက်နှင့် အမြစ်များမှ စုပ်ယူပြီး တစ်ပင်လုံးသို့ ပို့ဆောင်ပေးပါသည်။ တိုက်ရိုက်စိုက်ခင်းများတွင် မျိုးစေ့ချပြီး ၁၀-၁၄ ရက် အတွင်း ရွေ့ပြောင်းစိုက်ခင်းများတွင် ရွေ့ပြောင်းစိုက်ပြီး ၁၀-၁၄ ရက် အတွင်း အသုံးပြုပါ။

အသုံးပြုရန်အညွှန်း

– ဆေးဖျန်းပြီး ( ၂၄ ) နာရီ ကြာမှ စိုက်ခင်းအတွင်းပြန်လည်ဝင်ရောက်ပါ။
– တစ်ဧက လျှင် ဆေးနှုန်းထားပြည့်မီစေရန် (၂၀) လီတာဝင်ဆေးဖျန်းပုံး (၆) ပုံးအသုံးပြု ပက်ဖျန်းနိုင်ပါသည်။
– ဆေးမဖျန်းခင် (၁)ရက်ကြိုရေထုတ်ပါ။ ဆေးဖျန်းပြီး (၂)ရက် ကြာမှ ရေပြန်သွင်းပြီး ရေအနက် (၁.၅) လက်မခန့်အား (၇-၁၀) ရက်ခန့်ထိန်းထားပါ။
– ဆေးဖျန်းပြီးနောက် ရိတ်သိမ်းခူးဆွတ်ရန် စောင့်ဆိုင်းမည့်ကာလမှာ စပါး (၈၀) ရက် ဖြစ်သည်။
– မာလာသီယွန် ပိုးသတ်ဆေး နှင့် (၇) ရက်ခြားပြီးမှ အသုံးပြုပါ။
– ရေ (၂၀) လီတာတွင် ဆေး ( ၁၇ – ၂၀ ) စီစီ နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။
– တစ်ဧက လျှင် ဆေး ( ၁၀၀ – ၁၂၀ ) စီစီ နှုန်း အသုံးပြုနိုင်ပါသည်။

Phone

09 750 047 788

Location

No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.

Office Hours

M-F: 8am - 5pm
S-S: 9am - 4pm