သုခပင်သန်, Thukha Pin Than
Trade Name – သုခပင်သန်, Thukha Pin Than
ပါဝင်သော အာဟာရဓာတ်များ
Nitrogen – 38%, Phosphous – 5%, Potassium –5%
Registration No – တသ – ၇၀၇၁
Packing Size – (၅၀ ဂရမ် × ၁၂ထုတ်)
Description – အရွက်ဖျန်း ဓာတ်မြေဩဇာအမှုန့်
သုခပင်သန် အရွက်ဖျန်းမြေဩဇာအမှုန့်သည် ဟင်းသီးဟင်းရွက်များကို လျင်မြန်စွာ ကြီးထွားသန်မာစေရန်အတွက် အသုံးပြုပက်ဖျန်းနိုင်ပါသည်။ အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကို အားပေးသော နိုက်ထရိုဂျင် အချိုးမြင့်မားစွာ ပါဝင်သည့် အတွက် သီးနှံပင်များ၏ အပင်ပိုင်းကြီးထွားမှုကို လျင်မြန်စေပါသည်။ သီးနှံပင်ငယ်စဉ် တွင် ကျရောက်သော ပိုးမွှားရောဂါအား ခံနိုင်ရည်ရှိစေသည့် မီးစုန်းဓာတ်နှင့် ပြာဓာတ်များ အချိုးကျ ပါဝင်သောကြောင့် အထွက်နှုန်း ကောင်းစေသော ရွက်ဖျန်းမြေဩဇာအမှုန့် ဖြစ်ပါသည်။ သီးနှံပင်အား ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေပါသည်။ ရွက်ဖျန်းမြေဩဇာ ပက်ဖျန်းပြီး (၇) ရက်အတွင်း အပင်၏ အရွက်အရောင် အစိမ်းရင့်ရောင်ဖြစ်ခြင်း၊ အရွက်ပြားကြီးခြင်း နှင့် အကိုင်း၊အခက်များ လျင်မြန်စွာကြီးထွားသန်မာစေပါသည်။ အပင်ငယ်စဉ်မှ ပန်းပွင့်ချိန်အတွင်း အထူးလိုအပ်သော အာဟာရဓာတ်များ ပြည့်စုံစွာ ပါဝင်သဖြင့် ပန်းပွင့် ဖြိုင်ဖြိုင်ပွင့်ရန်၊ အသီးတင်ရန် နှင့် အစေ့အဆံအောင်ရန် အတွက် အထောက်အပံ့ဖြစ်စေပါသည်။ သုခပင်သန် ရွက်ဖျန်းမြေဩဇာအမှုန့်သည် ရေတွင် ၁၀၀ ရာခိုင်နှုန်း ပျော်ဝင်နိုင်ပြီး ကုန်ကျစရိတ်သက်သာ၍ အပင်ကြီးထွားမှုအတွက် လိုအပ်သော အာဟာရဓာတ်ရရှိနိုင်ပါသည်။
အသုံးပြုရန်အညွှန်း
– ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး (၁)ပုံးတွင် ဓာတ်မြေဩဇာအမှုန့် (၄၀-၅၀) ဂရမ် ထည့်သွင်း၍ အသုံးပြု ပက်ဖျန်းနိုင်ပါသည်။
– သီးနှံပင် စိုက်ပျိုးပြီး (၁၅) ရက်မှ စတင်၍ ပန်းပွင့်ချိန် အထိ (၇-၁၀) ရက်ခြား တစ်ကြိမ် ပက်ဖျန်း အသုံးပြုနိုင်ပါသည်။
Phone
09 750 047 788
Location
No. 204, 304, Yuzana Street, Building A, Hi-Way Complex, Kamaryut Township, Yangon, Myanmar.
Office Hours
M-F: 8am - 5pm
S-S: 9am - 4pm



